Virtual Private Network လို့ အမည်ရတဲ့ VPN ကို တော်တော်များများ ကြားဖူးပြီးသား၊ ရင်းနှီးပြီးသား ဖြစ်မှာပါ။ ဒါပေမယ့် မသိသေးတဲ့လူတွေအတွက် VPN အကြောင်း အကြမ်းဖျဉ်း ဖော်ပြလိုက်ပါတယ်။
VPN ဆိုတာ ဘာလဲ?
VPN ဆိုတာ အရိုးရှင်းဆုံးပြောရရင် အင်တာနက်ကနေတဆင့် ကမ္ဘာ့နေရာအသီးသီးက ကွန်ပြူတာဆာဗာတွေကို Private Network တစ်ခုအဖြစ် ဖန်တီး၊ချိတ်ဆက်အသုံးပြုတာ ဖြစ်ပါတယ်။ VPN Service အသုံးပြုတယ်ဆိုတာကတော့ VPN service ပေးထားတဲ့ Provider ရဲ့ Server ကနေ အင်တာနက်ကွန်ရက်ကို လှမ်းချိတ်ဆက်အသုံးပြုတာပါ။ ဒီအခါ ကိုယ့်ရဲ့ Public IP Address တွေ၊ Location တွေ အားလုံးပြောင်းလဲသွားမှာဖြစ်ပါတယ်။
VPN သုံးတဲ့အခါ သင့်ကွန်ပြူတာ၊ ဖုန်း ဒါမှမဟုတ် တက်ဘလက်နဲ့ ဒီ “VPN server” ကြားက အကူးအပြောင်းလုပ်နေတဲ့ဒေတာတွေ အားလုံးက လုံခြုံစွာ Encrypted လုပ်ထားတာကြောင့် လုံခြုံရေးပိုင်းမှာလည်း စိတ်ချရမှာပါ။
VPN ကို ဘာအတွက် သုံးကြတာလဲ?
များသောအားဖြင့် စီးပွားရေးလုပ်ငန်းတွေ၊ကုမ္ပဏီတွေမှာ VPN Technology ကို အသုံးများပါတယ်။ ကိုယ်က အဝေးရောက်နေပြီး၊ ကိုယ့်ရုံးက Network ကို လှမ်းချိတ်ပြီး၊ File တွေ ယူသုံးချင်တဲ့အခါ သုံးပါတယ်။
နိုင်ငံတစ်ခုအတွက်ပဲ သီးသန့်ပေးထားတဲ့ Websites တွေနဲ့ Services တွေကို ကိုယ့်နိုင်ငံကနေ အသုံးပြုလို့မရတဲ့အခါ VPN နဲ့ “နိုင်ငံပြောင်းလဲပြီး” အသုံးပြုကြပါတယ်။
လုံခြုံရေးစိတ်မချရတဲ့ Public Wi-Fi Hotspot တွေကို ချိတ်ဆက်အသုံးပြုတဲ့အခါ လုံခြုံမှု ရှိအောင်လို့ အသုံးပြုကြပါတယ်။
ကိုယ့်နိုင်ငံအစိုးရ၊ ISP (Internet Service Provider) ၊ ကျောင်း၊ အလုပ်ကနေ ပိတ်ထားတဲ့ Website တွေကို သုံးချင်ရင် VPN သုံးကြပါတယ်။ ကျနော်တို့ အရင်စစ်အစိုးရခေတ်တုန်းကလည်း Your Freedom တို့လို VPN Services တွေနဲ့ ပိတ်ထားတဲ့ဆိုက်တွေကို အသုံးပြုခဲ့ရတာကို မှတ်မိကြမယ်ထင်ပါတယ်။ အခုထိလည်း တရုတ်နိုင်ငံမှာ Websites အများအပြားနဲ့ Google Services တွေကို ပိတ်ထားဆဲဖြစ်တာကြောင့် VPN တွေကိုပဲ အဓိကအားကိုးပြီး အင်တာနက်သုံးနေရတာပါ။
Torrents တို့လိုမျိုး တရားမဝင်ဖိုင်တွေကို Download လုပ်မယ်ဆိုရင်လည်း ကိုယ့် IP ကို ခြေရာခံလို့မရအောင်၊ မသိအောင် VPN သုံးကြပါတယ်။
ဒီလောက်ဆိုရင်တော့ VPN ကို အနည်းငယ် သဘောပေါက်လောက်ပြီထင်ပါတယ်။ ဒါဆို Windows မှာ VPN ကို ဘယ်လိုအသုံးပြုနိုင်မလဲ ဆက်ကြည့်လိုက်ရအောင်။ Android အတွက် VPN အသုံးပြုနည်းကိုတော့ ဒီ Link မှာ ဖတ်ရှုနိုင်ပါတယ်။
Post - copy
0 Comments