HTML5 အကြောင်း

HTML 5

ကျွန်တော် အရင်က HTML စာအုပ်ရေးပြီးတဲ့ နောက်ပိုင်းမှာ HTML 5 ထွက်လာပါတယ်။ HTML စာအုပ်ကို ပြန်ပြီးတော့ update လုပ်ပြီး HTML 5 ထုတ်မယ်လို့ စဉ်းစားမိတယ်။ HTML စာအုပ်ကို ပြန်ဖတ်ကြည့်တော့ လိုက်တော့ လိုအပ်နေတာတွေ တော်တော်များများ တွေ့တယ်။ ဒါနဲ့ HTML 5 ကို အစကနေ ပြန်ရေးမယ် ဖြစ်တယ်။ ဒီစာအုပ်ဟာ Wiley က ထုတ်တဲ့ Mike Wooldridge ရေးသားထားတဲ့ Teach Yourself VISUALLY HTML5 စာအုပ် က ခေါင်းစဉ်တွေ ကို အခြေခံထားပါတယ်။ ကျောရိုးကို သာ အခြေခံထားပြီး အထဲမှာ ရေးသားထားတဲ့ စာတွေ တော်တော်များများ ကတော့ ကျွန်တော် ကိုယ်ပိုင် ရေးသား ထားတာပါ။ အချို့ စာ အနည်းငယ်သာ ဘာသာပြန်ပြီး ထည့်သွင်းထားပါတယ်။ အဲဒီ စာအုပ်ကို အခြေခံရတဲ့ အဓိက က တော့ CSS အပြင် Javascript အခြေခံပါ ပါဝင် တဲ့အတွက် HTML 5 ကို လေ့လာတဲ့ သူတွေ အနေနဲ့ CSS , Javascript အခြေခံတွေကို ပါ သိသွားပါလိမ့်မယ်။ ဒီစာအုပ်မှာ HTML 5 နဲ့ JavaScript ကို အဓိက တွဲသုံးရတဲ့ web storage , Drag/Drop , Geolocation , Web Workers စတာတွေတော့ မပါဝင်သေးပါဘူး။ ဒီစာအုပ်ဟာ စတင်လေ့လာသူတွေအတွက် ရေးသားထားတဲ့ စာအု့ပ်ဖြစ်အတွက်ကြောင့် HTML ကို စတင်လေ့လာသူတွေ အတွက် အသုံးဝင်မယ့် စာအုပ် တစ်အုပ် ဖHTML ဆိုတာ ဘာလဲ
HTML ဆိုတာကတော့ website တွေတည်ဆောက်ရာမှာ အခြေခံ အကျဆုံးနဲ့ web developer ဖြစ်ချင်သူတွေ ပထမဆုံး မဖြစ်မနေ သိထားသင့်တဲ့ language တစ်ခုပါ။ ယနေ့အခါမှာ Internet ဟာအလွန်ကျယ်ပြန့်လာပြီး လူတိုင်း နီးပါး အသုံးပြုနိုင်ကြပါတယ်။ ကျွန်တော်တို့ဟာလည်း Internet ပေါ်မှာ ကိုယ်ပိုင် စာမျက်နှာတွေ အလွယ်တကူ တည်ဆောက်နိုင်ပါတယ်။ Internet အကြောင်းကိုတော့ အကျယ်ရှင်း မနေတော့ပါဘူး။ အလွယ်ဆုံးပြောရရင်တော့ အင်တာနက်ဆိုတာက ကမ္ဘာဘာတစ်ခုလုံး ခိျတ်ဆက်ထားတဲ့ ကြီးမားတဲ့ ကွန်ယက်ကြီးပါ။ အဲဒီ ကွန်ယက်ကြီးမှာ သတင်းအချက်အလက်တွေ ဖော်ပြဖို့ ဖလှယ်ဖို့အတွက် Web Page တွေ ရေးသားရပါတယ်။ အဲလို မျိုး web page တွေ ရေးဆွဲဖို့ရာအတွက် HTML က အဓိက ကျလှပါတယ်။ ရေးထားတဲ့ web page တွေကို web browser တွေကနေ တဆင့် ကြည့်ရှုနိုင်ပါတယ်။ web browser တွေကတော့ Internet Explorer , Firefox , Chrome , Opera , Safari စတာတွေ ဖြစ်ပါတယ်။ HTML ဟာ tag တွေနဲ့ တည်ဆောက်ထားတဲ့ အတွက်ကြောင့် HTML အကြောင်း မရေးခင်မှာ HTML သမိုင်း အနည်းအကျဉ်း tag တွေ အကြောင်းကို လေ့လာကြည့်ရအောင်ဗျာ။

HTML သမိုင်း
1989 ခုနှစ်က Tim Berners Lee နဲ့ Rober Calliau ဟာ Research Document တွေကို ပိုမိုမြန်ဆန်ကောင်းမွန်မယ့် နည်းလမ်းကောင်းတွေကို ရှာဖွေခဲ့ပါတယ်။ ၂ နှစ်လောက်ကြာတော့ Berners Lee ဟာ browser တွေက ကြည့်ရှုဖတ်သားနိုင်ပြီး tag များနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ နည်းပညာတစ်ခုကို ပြုလုပ်နိုင်ခဲ့ပါတယ်။ ထို့နောက် အဲဒီ tag တွေထဲမှာ Hyper-Link နဲ့ document တစ်ခုနဲ့ တစ်ခု ခိျတ်ဆက်နိုင်တဲ့ tag တွေကိုပါ ထည့်သွင်းနိုင်ခဲ့ပါတယ်။ Berners Lee ရဲ့ နည်းပညာကတော့ Hyper Text Markup Language ဆိုတဲ့ HTML ပါပဲ ။

Tag ဆိုတာ ဘာလဲ
Tag ဆိုတာကတော့ ပုံမှန် စာသားတွေနဲ့ HTML code တွေကို ခွဲခြား လို့ရအောင် လုပ်ထားပေးတယ်လို့ အလွယ်ဆိုလို့ရပါတယ်။ ဥပမာ။ <b> This is bold </b> ကို web browser မှာ ကြည့်ရင် စာလုံးက bold ဖြစ်နေပါမယ်။ <b> က အဖွင့်ပြီးတော့ </b> ကတော့ အပိတ်ပါ။ ပုံမှန် အားဖြင့် tag တွေက အဖွင့်နဲ့ အပိတ်ပါပါတယ်။ အပိတ်တွေကတော့ / လေးနဲ့ ဆုံးပါတယ်။

HTML အတွက် Editor တွေ IDE တွေအများကြးီ ရှိပါတယ်။ ကျွန်တော် လက်ရှိ သုံးနေတာကတော့ Mac OSX မှာ Text Mate ကို အသုံးပြုနေပါတယ်။ စတင်လေ့လာတဲ့ သူတွေ အနေနဲ့ dreamweaver လိုမျိုး IDE ထက် notepad , notepad++ , sublime text လိုမျိုး editor တွေကို အသုံးပြုနိုင်ပါတယ်။
Ref:Saturngod
#Youth_IT



Post a Comment

0 Comments